Home › Groups › MPANews
MPANews Telegram
Telegram Channel
✈ Telegram Channel 🌐 Public

MPANews - Telegram Channel

Open ↗
★★★★★ 0.0 (0 ratings)
👁 1 views ↗ 1 joins ★ 0.00 (0)
About this telegram channel
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Telegram Channel

Recent public posts from this Telegram channel.

14.9K Subscribers
01 Nov 2026 Latest post
Click here to fetch the latest public posts from Telegram.
MPA နေ့လယ် ၁၂ နာရီသတင်း (၁ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)

- စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ခရီးစဉ်တွေကို နိုင်ငံတကာ အသိအမှတ်ပြုမှုလို့ မယူဆနိုင်ဘူးဟု NUG ဝန်ကြီး ပြော

- ရန်ကုန်မှာ အပူရှောင်စခန်း ၆၀၀ ကျော် ဖွင့်ထားတယ်ဆိုပေမဲ့ ဘယ်မှာဖွင့်ထားမှန်း မသိတဲ့ ရန်ကုန်မြို့ခံတွေ

- ထိုင်းဘက် ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည် ပစ်ခတ်သူမှာ စစ်တပ်ဖြစ်ဖို့များ

- ၁၁နှစ်နဲ့ ၁၂နှစ် အရွယ် မြန်မာကလေးငယ်သုံးဦးကို ရာဇဝတ်မှုနဲ့ တရားစွဲခဲ့တဲ့ မလေးရှားရဲတွေရဲ့ လူမဆန်သောလုပ်ရပ်

- ပိုလန်မှာ သမ္မတနဲ့ ဝန်ကြီးချုပ် တရားစီရင်ရေးအာဏာနဲ့ပတ်သက်ပြီး ပဋိပက္ခ ပြင်းထန်

အဲဒီလို နေ့လယ်ခင်းအထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/nhT1QPX7N-s
Telegram post image
ကျောက်ပန်းတောင်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမျိုးသမီးတစ်ဦး လမ်းခရီးတွင် ပျောက်ဆုံးနေ

1 Nov 2026 By MPA

ကျောက်ပန်းတောင်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် အသက် ၂၁ နှစ်အရွယ် မမေသူဇင်ထက်ဆိုသူ အမျိုးသမီးတစ်ဦးမှာ လမ်းခရီးတွင် ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာ ၁၃ ရက်မှစတင်ကာ ယနေ့အထိ အဆက်အသွယ်မရရှိဘဲ ဖြစ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပျောက်ဆုံးသူ မမေသူဇင်ထက်သည် ကျောက်ပန်းတောင်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည်ဟု မိသားစုထံ နောက်ဆုံးပြောဆိုခဲ့ပြီးနောက် ဖုန်းအဆက်အသွယ် လုံးဝမရတော့ဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14100/
Telegram post image
အပူရှောင်စခန်း ၆၀၀ ‌ကျော် ဖွင့်ထားသည်ဆိုသည့် ရန်ကုန်တွင် ပြည်သူများ ဘယ်နေရာရှိမှန်းပင်မသိ၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အပူရှောင်နေရ

1 Nov 2026 By Bywar Oo / MPA

ရန်ကုန်မြို့တွင် အပူရှောင်စခန်း ၆၂၆ ခု ဖွင့်လှစ်ထားကြောင်း စစ်ကောင်စီခန့် တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ပြောဆိုထားသော်လည်း အဆိုပါစခန်းများ၏ တည်နေရာကို ပြည်သူအများစု မသိရှိကြသဖြင့် အပူဒဏ်ပြင်းထန်ချိန်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ အပူရှောင်နေရကြောင်း မြို့ခံများထံမှ သိရသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ်အန္တရာယ်ကို ကြိုတင်ကာကွယ်ရန် ရန်ကုန်တိုင်းအတွင်း ခရိုင် ၁၄ ခုနှင့် မြို့နယ် ၄၅ ခု၌ လူဦးရေ ၁၅၂,၆၈၅ ဦးအထိ အပူရှောင်နိုင်ရန် စခန်းပေါင်း ၆၂၆ ခု ပြင်ဆင်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးက ပြောဆိုထားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14097/
Telegram post image
အသက် ၁၁ နှစ်နှင့် ၁၂ အရွယ် မြန်မာကလေးငယ် ၃ ဦးကို မလေးရှားရဲတပ်ဖွဲ့က ရာဇဝတ်မှုဖြင့် တရားစွဲ

1 Nov 2026 By MPA

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မှာ ရာဇဝတ်ခြိမ်းခြောက်မှုနှင့် တရားစွဲဆိုခံထားရသည့် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် မြန်မာကလေး ၃ ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပုံနှင့် တရားရုံး၌ ဆက်ဆံခဲ့ပုံများသည် ကလေးသူငယ်အခွင့်အရေးနှင့် ကိုက်ညီမှုရှိမရှိ လူ့အခွင့်အရေးအဖွဲ့က မေးခွန်းထုတ်ထားသည်။

အဆိုပါဖြစ်စဉ်ကို မလေးရှားသတင်းဌာန Malaysiakini က အောက်တိုဘာ ၃၁ ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကလေးသူငယ်အခွင့်အရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေး ဆောင်ရွက်နေသည့် Tenaganita အဖွဲ့၏ ပြောဆိုချက်များကို ကိုးကားထားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14094/
Telegram post image
စစ်ကောင်စီ၏ နိုင်ငံခြားခရီးစဉ်များကို နိုင်ငံတကာအသိအမှတ်ပြုမှုဟု မယူဆနိုင်ဟု NUG ဝန်ကြီးပြော

1 Nov 2026 By MPA

အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ နိုင်ငံခြားခရီးစဉ်များနှင့် စစ်ကောင်စီဘက်သို့ နိုင်ငံတကာသံတမန်အချို့ ပြန်လည်ထိတွေ့ဆက်ဆံလာမှုများကို ကြည့်ပြီး စစ်အုပ်စုသည် နိုင်ငံတကာ၏ တရားဝင်အသိ အမှတ်ပြုမှု ရရှိသွားပြီဟု ကောက်ချက်ချ၍မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ယမန်နေ့( အောက်တိုဘာ ၃၁ရက်)က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ဖော်ပြောကြားသည်။

စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးနောက် လွှတ်တော်ဖွဲ့စည်းခြင်း၊ မင်းအောင်လှိုင်ကိုယ်တိုင် အရပ်သားအသွင်ပြောင်းကာ သမ္မတတာဝန်ယူခြင်းတို့ကို ဆောင်ရွက်လာသည့်အပြင် နိုင်ငံခြားခရီးစဉ်များလည်း ဆက်တိုက်ရှိလာသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14091/
Telegram post image
MPA နံနက် ၇ နာရီသတင်း (၁ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)

- အိမ်ငှား၊ ဆိုင်ခန်းငှားပြီး ဝမ်းစာရှာနေသူတွေ ဝန်ထပ်ပိလာဦးမယ့် စစ်ကောင်စီရဲ့ အခွန်တိုးကောက်ရေးအစီအစဉ်သစ်

- YBS ယာဉ်မောင်းနှစ်ဦး ထိုးပွဲကို စုံခုံဖွဲ့စစ်ပြီး အလုပ်ဖြုတ်ပစ်မယ်လို့ YRTC တာဝန်ရှိသူကြိမ်းဝါး

- ရဲ၊ စစ်သားအယောင်ဆောင်ပြီး လူငယ်တွေကို ဖမ်းနေတဲ့ ရန်ကုန်က ပြန်ပေးဆွဲဂိုဏ်းတွေကို ပြန်တွန်းလှန်ကြ

- ၅ နှစ်ကျော် ရပ်ထားတဲ့ ဟံသာဝတီလေဆိပ်စီမံကိန်းကို ညိုစောဦးဆောင်မှုနဲ့ ပြန်လှုပ်ရှားလာတဲ့ စစ်ကောင်စီ

- မုန်တိုင်းငယ် ၉၁B အရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးများနိုင်ပြီး တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရေကြီးမြေပြိုအန္တရာယ် သတိပြုဖို့လို

- ပေါင်းပင်တွေပြုတ်စားပြီး အသက်ရှင်ခဲ့ရတဲ့ ယူကရိန်းသားတွေကို ရုရှားနဲ့ ဘီလာရုစ်ကို ဖြတ်ပြီး ပြန်လည်ကယ်ထုတ်

အဲဒီလို မနက်ခင်းအထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/9HOGNXiodoU
Telegram post image
YBS ယာဉ်မောင်းနှစ်ဦး၏ ရန်ပွဲကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးမည်၊ ပြစ်မှုထင်ရှားပါက အလုပ်မှထုတ်ပယ်မည်ဟု YRTC ပြော

31 Oct 2026 By MPA

ရန်ကုန်မြို့တွင် YBS ယာဉ်မောင်းနှစ်ဦး အချင်းများရန်ဖြစ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းကာ စစ်ဆေးအရေးယူမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက အလုပ်မှထုတ်ပယ်သည်အထိ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တာဝန်ရှိသူက ပြောကြားသည်။

YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်မောင်းနှစ်ဦး၏ ရန်ဖြစ်မှုကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားခြင်းဖြစ်သည်။

သတင်းအပြည့်အစုံ ဖတ်ရှုုရန် >>> https://mpanews.info/headline/14088/
Telegram post image
ရန်ကုန် ပြန်ပေးသမားများ အာဏာပိုင် အယောင်ဆောင်ကာ လူဖမ်း၊ မကြောက်မရွံ့ ပြန်ခုခံကြရန်လို

31 Oct 2026 By Ko Myo/ MPA

ရန်ကုန်မြို့ပေါ်တွင် အရပ်ဝတ်ဖြင့် စစ်မှုထမ်း ပြန်ပေးဆွဲသမားများမှာ စစ်အာဏာပိုင်များသဖွယ် အယောင်ဆောင် ခြိမ်းခြောက်ကာ လူဖမ်းဆီးနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အရပ်ဝတ်ဖြင့် လူလိုက်ဆွဲနေသူ အများစုမှာ ပျူလူမိုက်၊ စစ်တပ်နှင့်ချိတ်ဆက် ထားသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့အားလုံးလိုလိုမှာ ရဲနှင့်စစ်သား အယောင်ဆောင်ကာ ခြိမ်းခြောက်ဖမ်းဆီးနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ပြောသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14085/
Telegram post image
ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်း ယနေ့မွန်းလွဲပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ

31 Oct 2026 By MPA

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ယနေ့ အောက်တိုဘာ ၃၁ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားသည်။

ဦးဝင်းနိုင်က အချိန်နှင့်တစ်ပြေးညီ အဆင့်မြင့်မိုးလေဝသဒေတာများကို ပြသပေးသည့် ဝက်ဘ်ဆိုက်များမှ ခန့်မှန်းချက်များကို ကိုးကား၍ 91B ဟု သတ်မှတ်ထားသည့် လေဖိအားနည်းရပ်ဝန်းကို မုန်တိုင်းငယ်အဖြစ် သတ်မှတ်နိုင်ပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14082/
Telegram post image
ထိုင်းတွင် NUG ၏ အထောက်အထားထုတ်ပေးရေး လူထုစစ်တမ်း တစ်ညအတွင်း သိန်းချီပါဝင်လာဟု MMWRCCT ထုတ်ပြန်

31 Oct 2026 By MPA

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အထောက်အထားတစ်ရပ် ဖော်ဆောင်နိုင်ရေး ရည်ရွယ်သည့် လူထုသဘောထားစစ်တမ်းတွင် တစ်ညအတွင်း ပါဝင်ဖြေဆိုသူ သိန်းချီရှိလာကြောင်း MMWRCCT အဖွဲ့က ယနေ့တွင် ထပ်မံအသိပေးထုတ်ပြန်သည်။

MMWRCCT ၏ ထုတ်ပြန်ချက်တွင် စစ်တမ်းစတင်ကောက်ယူပြီးနောက် အောက်တိုဘာ ၃၀ နှင့် ၃၁ ရက် တစ်ညအတွင်း လူထုပါဝင်မှု သိန်းချီရှိလာကြောင်း ဖော်ပြထားပြီး သုံးရက်အတွင်း ပါဝင်သူအရေအတွက် သန်းချီအထိ ရောက်ရှိလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14079/
Telegram post image
ဆိုက်ဘာလုံခြုံရေး၊ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးနှင့် လုံခြုံသည့် ဒီဂျစ်တယ်ဝန်းကျင် တည်ဆောက်မည်ဟု ညိုစော ပြော

31 Oct 2026 By MPA

ဆိုက်ဘာလုံခြုံရေး၊ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးနှင့် လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် စစ်ကောင်စီ ဒုသမ္မတ ညိုစောက ပြောဆိုသည်။

အောက်တိုဘာ ၃၀ ရက် ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် ကော်မတီဥက္ကဋ္ဌဖြစ်သူ ညိုစောက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14076/
Telegram post image
MPA နေ့လယ် ၁၂ နာရီသတင်း (၃၁ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)

- ထိုင်းရောက်မြန်မာတွေ တောင့်တနေတဲ့ နေထိုင်ခွင့်အထောက်အထား ထုတ်ပေးနိုင်ရေး NUG စတင်ခြေလှမ်း

- စစ်ကောင်စီရဲ့ ထိုးစစ်တွေ ဦးကျိုးပြီး စစ်မှုထမ်းအင်အားပြုန်းရင် စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲမယ်လို့ ဦးရည်မွန်ပြော

- “ပညာတတ်နဲ့ လူကောင်းတွေ မဝင်ချင်လို့ အကျင့်စာရိတ္တမကောင်းသူတွေကို စုခဲ့ရတယ်”လို့ PNO ဝန်ခံ

- ခွင့်ပြန်လုပ်သားတွေ နေပြည်တော်အထိ အလုပ်ရှုပ်ခံ တင်စရာမလိုတော့၊ ရန်ကုန်မှာပဲ ပြည်ပပြန်ထွက်ခွင့် လျှောက်ထားနိုင်

- Cheesecake Factory ကို တည်ပြီး အပြန်အလှန်ထိုးနှက်နေတဲ့ ထရမ့်နဲ့ အိုဘားမား

အဲဒီလို နေ့လယ်ခင်းထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/uP65QQLlYaQ
Telegram post image
ခိုးယူသွားသည့် ပန့် အမြန်ဆုံးပြန်အပ်ရန် သူခိုးကို ရန်ကုန်စည်ပင် မေတ္တာရပ်ခံ

31 Oct 2026 By Ko Myo/ MPA

ရန်ကုန်မြို့၊ပုစွန်တောင်မြို့နယ်အတွင်းရှိ ခိုးယူခြင်းခံရသည့် ကလိုရင်းဆေးခတ်သည့်ပန့် (Chlorine Dosing Pump)ကို အမြန်ဆုံးပြန်အပ်ရန် ရန်ကုန်မြို့တော်စည်ပင်က မေတ္တာရပ်ခံလိုက်သည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14073/
Telegram post image
AA ပစ်ချခဲ့သည့် ပါရာမော်တာတွင် လူမပါ မောင်းသူမဲ့ ဖြစ်ပုံရ၊ စစ်တွေစစ်မျက်နှာတွင် စစ်သား အသေများနေ

31 Oct 2026 By MPA

အာရက္ခတပ်တော် AA က ပစ်ချလိုက်သည့် ပါရာမော်တာပေါ်တွင် လူလိုက်ပါလာခြင်းမရှိဘဲ မောင်း သူမဲ့စနစ် အသုံးပြုပုံရကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

အောက်တိုဘာ၃၀ရက်၊ နံနက် ၈ နာရီခန့်တွင် နတ်ရေကန်ဗျူဟာကုန်းသို့ ခဲယမ်းနှင့်ရိက္ခာလာ ချသော စစ်တပ်၏ ပါရာမော်တာ တစ်စင်းကို AAတပ်ဖွဲ့ဝင်များက ပစ်ချနိုင်ခဲ့ရာ ယင်းပါရာမော် တာပေါ်မှ ခဲယမ်းနှင့် ရိက္ခာအချို့ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ယနေ့ အချိန်အထိ AA က ဝိုင်းပတ် ပိတ်ဆို့ထားသော နတ်ရေကန်ဗျူဟာကုန်းပတ် ဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက် ရှိကြောင်း AAက သတင်း ထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14070/
Telegram post image
ပြည်ပလုပ်သား ငွေလွှဲမှုကို စနစ်သစ်တည်ဆောက်ပြီး ဗဟိုဘဏ်မှတစ်ဆင့် စိစစ်မည်ဟု စစ်ကောင်စီဝန်ကြီးခြိမ်းခြောက်၊ ထိုင်းနိုင်ငံရှိ CI စင်တာများတွင် လျှောက်ထားသူနည်းပါးနေ

31 Oct 2026 By MPA

ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လုပ်ခလစာမှ ငွေလွှဲမှုများကို စနစ်တစ်ခုတည်ဆောက်ပြီး စစ်ကောင်စီ ဗဟိုဘဏ်မှတစ်ဆင့် စိစစ်နိုင်ရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ခြိမ်းခြောက်ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်နေ့က စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ပြုလုပ်သည့် ဗဟိုဘဏ်မှတစ်ဆင့်မှန်ကန်စွာဝင်ရောက်နိုင်ရေးညှိနှိင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်ဟု ယနေ့ အောက်တိုဘာ ၃၁ ရက်ထုတ် စစ်ကောင်စီနေ့စဉ်သတင်းများတွင် ရေးသားဖော်ပြသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14067/
Telegram post image
ရန်ကုန်တွင် နိုဝင်ဘာ၇ရက်ဝန်းကျင်မှစ၍ စစ်မှုထမ်း ပြန်ပေးဆွဲများ အရှိန်မြှင့် လုပ်ဆောင်လာနိုင်

31 Oct 2026 By Ko Myo/ MPA

ရန်ကုန်မြို့တွင် နိုဝင်ဘာ၇ရက်ဝန်းကျင်မှစတင်ကာ စစ်မှုထမ်းအတွက် ပြန်ပေးဆွဲမှုကို စစ်အုပ်စုဝင် တို့က အရှိန်မြှင့် လုပ်ဆောင်လာနိုင်ကြောင်း Rangoon Scout Network- RSN က ဆိုသည်။

လက်ရှိ အောက်တိုဘာလကုန်ပိုင်းအထိ ပုံမှန်အတိုင်း လူလိုက်ဆွဲနေပြီး အရှိန်မြှင့် လုပ်ဆောင်ခြင်း မျိုး မတွေ့ရသေးကြောင်း ရန်ကုန်ကို စောင့်ကြည့်နေရသည့် RSN က ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14064/
Telegram post image
PNO ပြည်သူ့စစ်အတွင်း ပညာတတ်မရှိဘဲ အကျင့်စာရိတ္တမကောင်းသူများကိုသာ စုဆောင်းခဲ့ရဟု ဗိုလ်မှူးခွန်ဆန်းအောင် ဝန်ခံ

31 Oct 2026 By MPA

စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် PNO ပြည်သူ့စစ်အတွင်း ပညာတတ်သူများနှင့် အကျင့်စာရိတ္တကောင်းမွန်သူများ ဝင်ရောက်ရန် ရှောင်ရှားခဲ့ကြသဖြင့် အကျင့်စာရိတ္တမကောင်းသူများကိုသာ လူသစ်အဖြစ် စုဆောင်းခဲ့ရကြောင်း PNO ပြည်သူ့စစ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးခွန်ဆန်းအောင်က ဝန်ခံရေးသားထားသည်။

ဗိုလ်မှူးခွန်ဆန်းအောင်သည် အောက်တိုဘာ ၂၉ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပအိုဝ်းဘာသာဖြင့် ရေးသားထားခြင်းဖြစ်ပြီး ပဋိပက္ခကာလအတွင်း ပြည်သူ့စစ်အဖွဲ့သို့ ဝင်ရောက်ရန် ပညာတတ်သူများနှင့် လူကောင်းများက ရှောင်ရှားခဲ့ကြသည့်အတွက် အကျင့်စာရိတ္တမကောင်းသူများကိုသာ စုဆောင်းခဲ့ရကြောင်း ဖော်ပြထားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14061/
Telegram post image
မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု အမည်ပျက်စာရင်းတွင် ဆက်လက်ထားရှိပြီး တိုးတက်မှုမရှိပါက ပိုမိုပြင်းထန်စွာ အရေးယူမည်ဟု FATF သတိပေး

31 Oct 2026 By MPA

မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှုဆိုင်ရာ အန္တရာယ်မြင့်နိုင်ငံများစာရင်းတွင် ဆက်လက်ထားရှိပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ တိုးတက်မှုမရှိပါက အရေးယူမှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း FATF က အောက်တိုဘာ ၃၀ ရက်တွင် သတိပေးထုတ်ပြန်သည်။

FATF ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် အခြားတရားမဝင်ငွေကြေးစီးဆင်းမှုများကို တားဆီးရန် လိုအပ်သည့် မဟာဗျူဟာချို့ယွင်းချက်များကို အပြည့်အဝ ဖြေရှင်းနိုင်ခြင်းမရှိသေးသည့်အတွက် အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသော အန္တရာယ်မြင့်နိုင်ငံများစာရင်းတွင် ဆက်လက်ပါဝင်နေခြင်းဖြစ်သည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14058/
Telegram post image
MPA နံနက် ၇ နာရီသတင်း (၃၁ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)

- စစ်ကောင်စီကို ငွေကြေးခဝါချမှု အန္တရာယ်မြင့်နိုင်ငံအဖြစ် သတ်မှတ်ထားမှု ရုပ်သိမ်းပေးဖို့ ဂျပန်က FATF ကို တိုက်တွန်း

- ဟုမ္မလင်းမှာ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်းတွေကို KIA ဆက်တိုက်သိမ်းပိုက်နေ

- AA ရဲ့ ထိုးစစ်ကြား စစ်တွေဒကစပါ ခြိမ်းခြောက်ခံနေရချိန် စစ်ကောင်စီက မြို့သာယာနေသယောင် ဝါဒဖြန့်

- ရခိုင်ကို လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အရပ်ဘက်အဖွဲ့ ၇၀ က နိုင်ငံတကာကို တောင်းဆို

- တရုတ်ပြည်မကြီးဘက်က လေအေးများ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ စတင်ဝင်ရောက်

- G20 နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် သဘောထားကွဲလွဲမှုများလာ

အဲဒီလို နံနက်ခင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/og7wADNKxXM
Telegram post image
ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် NUG က အထောက်အထားထုတ်ပေးနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူနေ

30 Oct 2026 By MPA

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ အထောက်အထားတစ်စုံတစ်ရာ ထုတ်ပေးနိုင်ရေး ပြည်သူ့ဆန္ဒသဘောထားကောက်ယူသည့် စစ်တမ်းတစ်ရပ်ကို စတင်ကောက်ခံနေကြောင်း သိရသည်။

အဆိုပါစစ်တမ်းမှတစ်ဆင့် သုံးရက်အတွင်း ပါဝင်ဖြေဆိုသူအရေအတွက်နှင့် ပြည်သူများ၏ သဘောထားဆန္ဒများကို စုစည်းကာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းထံ ပေးပို့သွားမည်ဖြစ်သည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14055/
Telegram post image
Telegram Channel Details
Category General
Tags #Nepali
Language Nepali
Type Telegram Channel
Subscribers 14.9K
Rate this listing

How would you rate this community?