Home › Groups › တယ်လီကျန်းမာ - Telekyanmar
တယ်လီကျန်းမာ - Telekyanmar Telegram
Telegram Channel
✈ Telegram Channel 🌐 Public

တယ်လီကျန်းမာ - Telekyanmar - Telegram Channel

Open ↗
★★★★★ 0.0 (0 ratings)
👁 7 views ↗ 1 joins ★ 0.00 (0)
About this telegram channel
You can view and join @telekyanmarmoh right away.
Telegram Channel

Recent public posts from this Telegram channel.

8K Subscribers
18 Oct 2026 Latest post
Click here to fetch the latest public posts from Telegram.
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်က ကျန်းမာရေးအပေါ် သက်ရောက်မှု
(အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ်)

- မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနိုင်သည်။
- ခြင်ပေါက်ပွားမှုများပြီး ကူးစက်ရောဂါများ အဖြစ်များနိုင်သည်။
- သောက်သုံးရေနှင့် အစားအစာများ ညစ်ညမ်းနိုင်သည်။
- မိုးခေါင်ရေရှားပြီး သန့်ရှင်းသောရေ ရရှိရန် ခက်ခဲနိုင်သည်။
- အပူဒဏ်သင့်၍ နာမကျန်းဖြစ်နိုင်သည်။
- တောမီးများလောင်၍ လေထုညစ်ညမ်းနိုင်သည်။
- အသက်ရှူလမ်းကြောင်း ရောဂါများ အဖြစ်များနိုင်သည်။
- စိုက်ပျိုးမွေးမြူရေး ပျက်စီး၍ အစာရှားပါးပြီး အာဟာရချို့တဲ့နိုင်သည်။
- မုန်တိုင်းများနှင့် ဘေးဒုက္ခများကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးနိုင်သည်။
- စိတ်ကျန်းမာရေး ထိခိုက်နိုင်သည်။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Telegram post image
စိုးရိမ်စိတ်လွန်ကဲမှုရောဂါအကြောင်း (၄) ချက်
(အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ်)

၁။ လူတိုင်းသည် အခါအားလျော်စွာ စိုးရိမ်ကြောင့်ကြမှု ခံစားရတတ်သည်။ သို့သော် စိုးရိမ်စိတ်လွန်ကဲမှုရောဂါရှိသူများသည် ကြောက်ရွံ့စိုးရိမ်မှုကို ပြင်းထန်လွန်ကဲစွာ ခံစားရသည်။

၂။ စိုးရိမ်စိတ်လွန်ကဲမှုရောဂါသည် အဖြစ်အများဆုံး စိတ်ရောဂါများထဲတွင် ပါဝင်သည်။

၃။ စိုးရိမ်စိတ်လွန်ကဲမှု လက္ခဏာများသည် ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်အရွယ်တွင် စတင်ခံစားရလေ့ရှိသည်။

၄။ စိုးရိမ်စိတ်လွန်ကဲမှုရောဂါကို ကုသရန် စကားပြောကုထုံးများ၊ ဆေးဝါးများနှင့် လေ့ကျင့်ခန်းများကဲ့သို့ ထိရောက်သည့် နည်းလမ်းများစွာ ရှိပါသည်။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Telegram post image
Telegram Channel Details
Language Tamil
Type Telegram Channel
Subscribers 8K
Rate this listing

How would you rate this community?